ဧရာဝတီဟာ....
လူပြော သူပြောများတဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ခဲ့ဘူး...
ဧရာဝတီဟာ...
အတ္တနဲ့ ယှဉ်တဲ့ ရောဂါဆန်းမဟုတ်ဘူး...
ဧရာဝတီဟာ...
ငါတို့ရဲ့  ချစ်ခြင်းအလင်္ကာ...
သမိုင်းအဆက်ဆက်ကို သူ့ပုံခုံးနဲ့ ထမ်း...
သူ့ဝန်တာ ကျေခဲ့တယ်...
အခုတော့...ဧရာဝတီရယ်...
လူထုဆန္ဒ မရှိတဲ့
ငါချစ်တဲ့ မြေမှာ..
လူတစ်စု ဆန္ဒနဲ့...
ဧရာဝတီဟာ ရေတိမ်နစ်ရှာရော့မယ်...
ဒါပေမယ့်.. ဧရာဝတီ...
လူဆိုတာ ရက်စက်တတ်တယ်..
ကျေးဇူးလည်း ကန်းတတ်ကြတယ်...
ဧရာဝတီရေ.. မင်းမဆိုပါနဲ့ဦး..
အို.. ဧရာဝတီ...
အားတင်းလို့ စီးဆင်းပါ...
ရေကိုတားလို့ ရမယ့် တမံတွေက
ငါတို့ မျက်ရည်နဲ့ နှလုံးသွေးကို မပိတ်ဆို့နိုင်ဘူး...
အခုတော့ ဧရာဝတီရေ..
မင်းဟာ..
ငါတို့ ကြေကွဲခြင်းတွေနဲ့ တိုက်ယူရဦးမယ့်...
ငါတို့မြေရဲ့  ပြယုဂ်တစ်ခု။
(မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ လုံးဝ ကန့်ကွက်ပါကြောင်း..)
***ဇူးငယ်***
10 comments:
ဧရာဝတီလွတ်မြောက်ပါစေသားးးး။
ခင်တဲ့
မေသိမ့်
မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။
ဧရာဝတီ ထာဝစဉ်စီးဆင်း နိုင်ပါစေ။ ဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။
ခင်မင်လျှက်
နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့် စီးဆင်းနိုင်ပါစေသား။
မေတ္တာဖြင့်
အန်တီတင့်
ဇူးရေ
ငါတို့ ဆန္ဒတွေ အကောင်အထည်ပေါ် ဖြစ်မြောက်နိင်ပါစေလို့ ဆုတောင်း ပါတယ်
တိုင်းပြည်အတွက် တာဝတ်ကျေခဲ့တဲ့ ဧရာဝတီကို ခုတော့လည်း တန်ဖိုးမထား ရောင်းစားရက်တယ်။
ဧရာဝင်္တီမြစ်ကို သန့်သန့်ရှင်းရှင်းနဲ့ အနှောက်အယှက် ကင်းကင်း ထားဝစဉ် စီးဆင်းစေချင်ပါတယ်
အမိဧရာဝတီကို အတူတကွကာကွယ်ကြပါစို့...။
ဧရာဝတီ ရှင်သန်စီးဆင်းနေတာကိုပဲ မြင်ချင်ပါတယ်။
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ပါတယ်..။
အမိဧရာဝတီကို အတူတကွကာကွယ်ကြပါစို့...။
ဧရာဝတီ ရှင်သန်စီးဆင်းနေတာကိုပဲ မြင်ချင်ပါတယ်။
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ပါတယ်..။
ယဉ်ကျေးမှုရဲ့နှလုံးသား
ရှင်သန်စေသူတန်ခိုးရှင်
အခမ်းနားဆုံးသောသက်ရှိကဗျာ
ဧရာဝတီ
Post a Comment